လေးမျက်နှာမြို့နယ်အတွင်းသို့ ရေဘေးကယ်ဆယ်ရေးယာဉ်များသွားလာမှုအဆင် ပြေစေရန် တလုတ္တော်-လေးမျက်နှာလမ်း၊ဟင်္သာတ-ဆုံကုန်း-မြန်အောင်လမ်းနှင့် ပဆင-ခြောက်ရွာ-ကျွဲသောင်လမ်းပြင်ဆင်ပေးလျက်ရှိ

၂၀၂၆ ဩဂုတ် ၁၄

လေးမျက်နှာမြို့နယ် ငဝန်ရေကာတာ တာမိုင်၂၅/၃ အနီးတွင် ငဝန်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှထူး ပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျပြီး ရေကျော်စီးဝင်ခြင်းဖြစ် ပွားလျက်ရှိသော လေးမျက်နှာမြို့နယ်အ တွင်းသို့ ရေဘေးကယ်ဆယ်ရေးယာဉ်များသွားလာမှုအဆင်ပြေစေရန် တလုတ္တော် - လေးမျက်နှာလမ်း၊ ဟင်္သာတ-ဆုံကုန်း-မြန်အောင်လမ်းနှင့် ပဆင-ခြောက်ရွာ-ကျွဲသောင်လမ်းတို့အား ဆောက်လုပ်ရေးဝန် ကြီးဌာန၊ လမ်းဦးစီးဌာနမှ အင်တိုက်အား တိုက်ပြင်ဆင်ပေးလျက်ရှိကြောင်းသိရသည်။

လေးမျက်နှာမြို့သို့ ရေဘေးကယ်ဆယ်ရေးယာဉ်များ အဓိကသွားရာလမ်းဖြစ်သော ဟင်္သာတ-ဆုံကုန်း-မြန်အောင်လမ်းနှင့် ပဆင-ခြောက်ရွာ-ကျွဲသောင်လမ်းတို့အား လမ်းဦးစီးဌာန ၊ ဟင်္သာတခရိုင်နှင့်ကြီးကြပ်ရေးအဖွဲ့တို့မှ အင်ဂျင်နီယာဝန်ထမ်းများ၊ လုပ်သားအဖွဲ့များက စဉ်ဆက်မပြတ် ပြင် ဆင်ပေးလျက်ရှိကြောင်းသိရသည်။ ထို့ပြင် ရေကျော်မှုဖြစ်ပွားခဲ့သော တလုတ္တော်-လေးမျက်နှာလမ်းပိုင်းတွင် ရေနစ်မြုပ်မှုကြောင့်ဖြစ်ပေါ်လာသော ချိုင့်ပေါက်ကြီးများအား ရေကျသွားသည်နှင့်တစ်ပြိုင်နက် ယာဉ်သွားလာမှုချောမွေ့စေရန် ကျောက်ဖြည့်သဲညှပ်၍ ယာယီလမ်းပေါက်ဖာထေးခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

14-Aug-2026