ဟင်္သာတမြို့ သန့်ရှင်းသာယာလှပရေး၊ရေစီးရေလာကောင်းမွန်ရေး နှင့်ဟင်္သာတ -ဆုံကုန်း-မြန်အောင်လမ်း မိုင်တိုင်၁/၁ မှ၁/၇ အထိ လမ်းပခုံးနှစ်ဘက်ကွန်ကရစ်ခင်းခြင်းဆောင်ရွက်နေမှုအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအေးကျော် ကြည်ရှုစစ်ဆေး
၂၀၂၆ ဩဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ သန့်ရှင်းသာယာလှပရေး၊ရေစီးရေလာကောင်းမွန်ရေး နှင့်ဟင်္သာတ - ဆုံကုန်း-မြန်အောင်လမ်း မိုင်တိုင်၁/၁ မှ၁/၇ အထိ လမ်းပခုံးနှစ်ဘက်ကွန်ကရစ်ခင်းခြင်းဆောင်ရွက်နေမှုအား ဧရာဝတီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအေးကျော်နှင့်တာဝန်ရှိသူများ ယနေ့နံနက်ကကြည်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ဟင်္သာတမြို့သန့်ရှင်းသာယာလှပရေး၊ရေစီးရေလာကောင်းမွန်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများမှလယ်တီကွင်းရပ်ကွက်၊အေးမြသာယာရပ်ကွက်နှင့်အင်္ဂပိုလ်လမ်းမကြီးတစ်လျောက် လမ်းဘေးဝဲယာအမှိုက်များကောက်ခြင်း၊ပေါင်းမြက်များရှင်းလင်းခြင်း၊ ရေစိးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများအတွင်းရှိအမှိုက်များဆည်တင်ခြင်းဆောင်ရွက်နေမှုအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ဟင်္သာတ-ဆုံကုန်း-မြန်အောင်လမ်း မိုင်တိုင်၁/၁ မှ၁/၇ အထိ ၆ ဖာလုံ ၃ ပေအကျယ် ၈ လက်မထု ကွန်ကရစ်လမ်း လမ်းပခုံးနှစ်ဘက်ကွန်ကရစ်ခင်းခြင်းဆောင်ရွက်နေမှုအားလိုက်လံကြည့်ရှုစစ် ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။