ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦး မအူပင်မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်‌ရေး ကွင်းဆင်းစစ်ဆေး

၂၀၂၆ ဩဂုတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးသည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်းနှင့် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့တာဝန် ရှိသူများလိုက်ပါ၍ မအူပင်မြို့သန့်ရှင်းသာယာလှပစေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာ ဌာနများ၏ လုပ်ငန်း‌ဆောင်ရွက်နေမှုအခြေအနေများအား ယနေ့ နံနက် ၈ နာရီက ကွင်းဆင်းကြည့်ရှုသည်။

တိုင်းဒေသကြီး စည်ပင်သာယာ‌ရေးဝန်ကြီးနှင့်အဖွဲ့သည် မအူပင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ထားရှိသည့် ကျောင်းလမ်းဘေးဝဲယာ ရေနုတ်မြောင်းအားလည်းကောင်း၊ ရေလဲလမ်း၊ အဝေးပြေးကားဝန်းရှေ့ အလှဆင်ထားရှိမှုနှင့် ရေစီးရေလာကောင်းမွန်စေ ရေးဆောင်ရွက်ထားရှိမှုများအားလည်းကောင်း၊ ခိုင်ရွှေဝါလမ်း နှင့် ခိုင်မေတ္တာလမ်းတစ်‌လျှောက် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက် ထားရှိသည့် ရေနုတ်မြောင်းအားလည်းကောင်း၊ အမှတ်(၂)ရပ်ကွက် ဓမ္မာရုံ မြောင်းအားလည်းကောင်း၊ ရေလဲလမ်းနှင့်မြို့ရှောင်လမ်းထိပ် ရေစီး ရေလာကောင်းမွန်စေရေးဆောင်ရွက်ထားရှိမှုနှင့် အလှဆင်ဆောင်ရွက် ထားရှိမှုအားလည်းကောင်း၊ မြရတနာလမ်းထိပ်ရေမြောင်းအားလည်း ကောင်း၊ ပံတပွတ်လမ်းဘေးဝဲယာပြင်ဆင်ဆောင်ရွက်နေမှုများအား လည်းကောင်း၊ တိုးမာလာလမ်းတစ်လျှောက် ရေမြောင်းဆည်ယူနေမှု များအားလည်းကောင်း၊ မြို့သစ်(၃)လမ်း၌ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းဆည်ယူနေမှုများအားလည်းကောင်း၊ မအူပင်တက္ကသိုလ်ဝန်း အတွင်းသန့်ရှင်းသာယာလှပစေရန်နှင့် အရိပ်ရပင်များ စိုက်ပျိုးနိုင်ရေးအား လည်းကောင်း၊ လွတ်လပ်လွတ်လပ်ရေး ပန်းခြံသန့်ရှင်းသာယာလှပ စေရေး၊ မင်းဧရာတံတားဘေးရှိညဈေးနေရာ အားလည်းကောင်း လှည့်လည်ကြည့်ရှု့စစ်ဆေးရာ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တာဝန် ရှိသူများ၊ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆည်မြေင်းဦးစီးဌာနမှ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်မှု များအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးစည်ပင်ဝန်ကြီးမှ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးအောင်ကျော်မင်း၊ မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးထူးကျော်နှင့် ခရိုင်အဆင့်တာဝန်ရှိ သူများ၊ မအူပင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဝင်းနှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးညွန့်ဝင်းနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်း များလိုက်ပါဆောင်ရွက်ခဲ့ကြောင်းသိရသည်။

13-Aug-2026