ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ဘက်မှ စီးဝင်လာသော ရေများအဟန့်အတားမရှိ လွယ်ကူစွာ စီးဆင်းလျော့ကျနိုင်ရေး၊ ရေလမ်းကြောင်း ပိတ်ဆို့မှုမရှိဘဲ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် ဒေသခံမိဘပြည်သူများ၏ ရေလမ်းခရီးသွားလာရေး လွယ်ကူချောမွေ့စေရေးတို့အတွက် ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့နှင့် ကျောင်းကုန်းမြို့နယ် အတွင်းရှိ မြစ်၊ ချောင်းများအတွင်း စုပုံပိတ်ဆို့နေသော ဗေဒါများကို စုပေါင်းရှင်းလင်း ဆောင်ရွက်ခြင်း
၂၀၂၆ သြဂုတ် ၁၃
ရေကြည်မြို့နယ်နှင့် ငသိုင်းချောင်းမြို့ အတွင်းရှိ ပိတ်ဆို့နေသော ရေလမ်းကြောင်းများ၊ ကျောင်းကုန်းမြို့နယ်၊ ဒါးကမြစ်(ကျောင်းကုန်းတံတား -သစ်)တွင် မျောပါလာပြီး ပိတ်ဆို့နေသည့် ဗေဒါများနှင့် ပေါင်းမြက်များကိုရေယာဉ်များအသုံးပြု၍ အင်တိုက်အားတိုက် ဆွဲထုတ်ရှင်းလင်းခဲ့ကြပါသည်။ ယခုကဲ့သို့ ဗေဒါများ ရှင်းလင်းလိုက်နိုင်ခြင်းကြောင့် ဒေသခံများ၏ ရေလမ်းခရီးသွားလာရေးနှင့် ရေစီးရေလာ ကောင်းမွန်သွားသည့်အတွက် ရေကြီးရေလျှံမှု အန္တရာယ်မှလည်း ကြိုတင်ကာကွယ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။ ရှေ့ဆက်၍လည်း မိဘပြည်သူများ ရေလမ်းကြောင်းအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးနှင့် ရေစီးရေလာ အမြဲမပြတ် ကောင်းမွန်စေရေးတို့အတွက် ပုံမှန်စောင့်ကြည့် ရှင်းလင်းပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
13-Aug-2026