ကျေးဇူးတင်ဂုဏ်ပြုလွှာ
ကျေးဇူးတင်ဂုဏ်ပြုလွှာ
သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲဆုံးအချိန်များတွင် ရေဘေးသင့်ပြည်သူများအား အမြန်ဆုံး ကူညီကယ်ဆယ်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် မိမိတို့ တတ်စွမ်းနိုင်သမျှ ငွေအား၊ ပစ္စည်းအားဖြင့် စေတနာသဒ္ဓါတရား ထက်သန်စွာ ဝိုင်းဝန်းလှူဒါန်းပေးကြသော ပြည်တွင်း/ပြည်ပမှ အလှူရှင်ပြည်သူများ၊ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးယာဉ်များ လွယ်ကူလျင်မြန်စွာ သွားလာလှုပ်ရှားနိုင်စေရန်အတွက် စက်သုံးဆီများ ပါဝင်လှူဒါန်းပေးကြသော စက်သုံးဆီဆိုင်များနှင့် အလှူရှင်များ၊ အသက်အန္တရာယ် ပူပန်မှုကို ပဓာနမထားဘဲ ကိုယ်အား၊ ဉာဏ်အားဖြင့် ရှေ့တန်းမှ မနားတမ်း ပါဝင်ကူညီပေးဆပ်နေကြသော လုပ်အားဒါနပြုသူများနှင့် စေတနာ့ဝန်ထမ်းများ၊ အားလုံး၏ မွန်မြတ်သော စေတနာ၊ အနစ်နာခံမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို အထူးပင် လေးစားဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။
မိဘပြည်သူများ၏ အဖိုးတန်သော ကူညီပံ့ပိုးမှုနှင့် မေတ္တာတရားများသည် ရေဘေးသင့်ပြည်သူများအတွက် အားကိုးရာ ခွန်အားနှင့် မျှော်လင့်ချက်အလင်းရောင်များ ဖြစ်ခဲ့ရပါသည်။ စေတနာထက်သန်စွာ ဝိုင်းဝန်းလှူဒါန်းကြသော ပြည်သူလူထုတစ်ဦးချင်းစီ၏ မွန်မြတ်သော စေတနာကောင်းများကြောင့် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်းနှင့် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေကြောင်း အလေးအနက် ဆုမွန်ကောင်းတောင်းအပ်ပါသည်။
(ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့)