ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေကြည်မြို့နယ်၊ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

၂၀၂၆ သြဂုတ် ၁၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ရေကြည်မြို့နယ်၊ သင်္ယန်းဒေါင့်ကျေးရွာ ကျောင်းတိုက်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေကြည်မြို့နယ်၊ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်၍ အားပေးစကား ပြောကြားခဲ့ပြီး ရေဘေးသင့်ပြည်သူများကို ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် တိုင်း‌ဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်၊ အုတ်ပုံရိုးချောင်း ရေဝင်ရောက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ရေဆင်းလမ်းကြောင်းများ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ရန်မှာကြားခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

11-Aug-2026