ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း၌ ၂၀၁၆ ခုနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ်၊ အသက် (၂၃)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတက်ရောက်

­­­­­­­­­

­­ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၀)ရက်နေ့ မွန်းလွဲ (၃:၃၀)နာရီအချိန်တွင် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၁၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ်၊ အသက် (၂၃)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

­­­­­­­­­­­ ဦးစွာ အခမ်းအနားကို စစ်ကြောင်းမှူးနှင့်ပြိုင်ပွဲဝင်အသင်းသားများမှ ဝန်ကြီးချုပ်အား အလေးပြုခြင်း၊ တန်းအပ်ခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်ကို ရွတ်ဆိုခဲ့ပြီး ဝန်ကြီးချုပ်မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် မော်လမြိုင်ကျွန်းမြို့နယ်ဘောလုံးအသင်းနှင့် ပုသိမ်မြို့နယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအားကြည့်ရှုအားပေးခဲ့ပါသည်။

22-Jun-2016