မိုးစပါးရာသီ RS to CS မှော်ဘီ-၃ မျိုးစေ့ထုတ်စိုက်ခင်းနှင့် စပါးမျိုး(၁၀)မျိုးယှဉ်ပြိုင် စမ်းသပ်ကွက် စိုက်ပျိုးထားရှိမှုများကိုကြည့်ရှုအားပေး
၂၀၂၆ သြဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် သည် ကျုံပျော်မြို့နယ်၊ ကျောင်းစုကျေးရွာ တောင်သူဦးဝင်းအောင်၏ စိုက်ဧက(၁၀)ဧကတွင် ၂၀၂၆-၂၀၂၇ခုနှစ်၊ မိုးစပါးရာသီ RS to CS မှော်ဘီ-၃ မျိုးစေ့ထုတ်စိုက်ခင်းနှင့် စပါးမျိုး(၁၀)မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးထားရှိမှု များကိုကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးရိတ်သိမ်းချိန် စက်သုံးဆီလိုအပ်မှု၊ နွေစပါးစိုက်ပျိုးရန် စိုက်ပျိုးရေရရှိရေး တင်ပြမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
11-Aug-2026