အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှကြီးမှူးကျင်းပသည့် မိုက်ခရိုမာရသွန်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား
ပုသိမ် ဩဂုတ် ၁၀
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှကြီးမှူးကျင်းပသည့် မိုက်ခရိုမာရသွန်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင်ပြုလုပ်ခဲ့ရာ မိုက်ခရိုမာရသွန်ပြိုင်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ ဖွင့်လှစ်ပေးခဲ့ပြီးနောက် ပြိုင်ပွဲဝင်အားကစားသမားများက ကိုးသိန်းအားကစားကွင်းမှ စတင်ကာ ပုသိမ်-ရန်ကုန်လမ်းမကြီး ပုသိမ်မြို့အဝင်မှတဆင့် ကိုးသိန်းအားကစားကွင်းသို့ ပြန်လည် ပန်းဝင်ရောက်ခဲ့ကြသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ပြုလုပ်ရာ အမျိုးသား၊ အမျိုးသမီး မိုက်ခရိုမာရသွန်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် ကျောင်းသား၊ ကျောင်သူလူငယ်များအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများကလည်းကောင်း၊ အမျိုးသမီးမိုက်ခရိုမာရသွန် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသား ဆုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးကလည်းကောင်း၊ အမျိုးသားမိုက်ခရိုမာရသွန် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်သူလူငယ်များအား ချီးမြှင့်ငွေများပေးအပ်ခဲ့ကြသည်။ အဆိုပါ အမျိုးသား၊ အမျိုးသမီးမိုက်ခရိုမာရသွန်ပြိုင်ပွဲကို အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၆၀၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။