ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ မအူပင်မြို့နှင့် ပုသိမ်မြို့တို့ရှိ တက္ကသိုလ်များနှင့် ခရိုင်အားကစားကွင်းအဆင့်မြှင့်တင်နိုင်မည့်အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်အတွက်အသုံးဝင်သည့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပညာရှင်များထွက်ပေါ်လာစေရေးစနစ်တကျသင်ကြားလေ့ကျင့်ပေးသွားရန်လိုကြောင်းမှာကြား

နေပြည်တော်၊ ဩဂုတ် - ၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များလိုက်ပါ၍ ဧရာ ဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နှင့် မအူပင်မြို့တို့ရှိ တက္ကသိုလ်များသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

09-Aug-2026