ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၊ ငဝန်မြစ် ရေကာတာတမံနိမ့်ကျမှု ဖြစ်ပွားပြီး ရေကျော်စီးဝင်ရေကြီးရေလျှံဖြစ်ပွားမှုနှင့်ပတ်သက်၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
၂၀၂၆ ဩဂုတ် - ၈
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငဝန်မြစ်ရေကာတာတမံ နိမ့်ကျပြီး ရေကျော်စီးဝင်မှုဖြစ်ပွားခဲ့ရာ လေးမျက်နှာ၊ ဟင်္သာတ၊ ရေကြည်နှင့် ကျုံပျော်မြို့နယ်များရှိ ဒေသအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါ ရေကြီးရေလျှံမှုများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ လက်ရှိတွင် ထိခိုက်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။
08-Aug-2026