လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံဂီတအစည်းရုံးကိုယ်စား ရန်ကုန်တိုင်းဒေသကြီးဂီတအစည်းအရုံးမှ အလှူငွေများလာရောက် လှူဒါန်း

၂၀၂၆ သြဂုတ် ၇

လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံ ဂီတအစည်းရုံးကိုယ်စား ရန်ကုန်တိုင်းဒေသကြီးဂီတအစည်းအရုံးမှ အလှူငွေများလာရောက် လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခဲ့မှုကြောင့် လူနေအဆောက်အဦများ ရေဝင်ရောက်မှု၊ လူနှင့်တိရစ္ဆာန်များ ရေလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းထားရှိမှု၊ ရေရှောင်စခန်းများဖွင့်လှစ်ထားရှိမှု၊ ဆက်သွယ်ရေးမပြတ်တောက်စေရေး ဆောင်ရွက်ထားရှိမှု၊ လမ်း၊ တံတားများ ရေကျော်မှုအခြေအနေများနှင့် ညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက အလှူငွေများနှင့် oxygen Concentrator၊ Flow meter များပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့သည်။

07-Aug-2026