ငဝန်တာ အရေးပေါ် ပြုပြင်ရေး - ၂၄ နာရီ နေ့ဆိုင်း/ညဆိုင်း အလှည့်ကျစနစ်ဖြင့် မီးဆိုင်းများထွန်း၍ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိ

၂၀၂၆ သြဂုတ် ၇

ငဝန်တာတမံ အောက်ခံ သဲကြောထူးပေါက်မှုနှင့် ရေကျော်ဝင်ရောက်မှုကို အချိန်မီ တားဆီးနိုင်ရေးအတွက် အရေးပေါ် တာပြန်စီးခြင်း၊ တာမြှင့်ခြင်းနှင့် ရေကာနံရံ တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၄ နာရီပတ်လုံး နေ့ဆိုင်း၊ ညဆိုင်း အလှည့်ကျစနစ် ဖြင့် ရေနှင့်အပြိုင် အချိန်လုကာ အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ညပိုင်း လုပ်ငန်းခွင်အတွင်း လုပ်ငန်းများ ကြန့်ကြာမှု မရှိစေရန် မီးဆိုင်းများ၊ လျှပ်စစ်မီးများ အပြည့်အဝ တပ်ဆင်၍ မီးထွန်းကာ ဆည်မြောင်း၊ မြစ်ချောင်းဖြိုး၊ တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ရိုက်စိုက်ထားသော ဝါး/သစ်လုံးတိုင်များ အကွက်အတွင်း သဲအပြည့်ဖြည့်ထားသည့် Geo Bag များ၊ သဲအိတ်များကို ရေအောက်အထိ စနစ်တကျ သယ်ယူဖိသိပ် ချပေးခြင်း၊ တာနိမ့်ကျသွားသည့် နေရာများနှင့် ရေဝင်ပေါက်များကို သဲအိတ်များဖြင့် အထပ်ထပ် စီရီ၍ ရေကာတား နံရံများ တည်ဆောက်ခြင်း၊ ညဉ့်နက်ပိုင်းအထိ အနီးကပ် ကြီးကြပ်သူများ၊ စက်ယန္တရားများ၊ ရေယာဉ်များနှင့်အတူ လုပ်သားအင်အား အပြည့်အဝဖြင့် မနားတမ်း လုပ်ဆောင်နေကြခြင်းဖြစ်ပါသည်။ ဒေသခံ ပြည်သူများ၏ အိုးအိမ်၊ စိုက်ပျိုးမြေများ ရေဘေးမှ အမြန်ဆုံး ကင်းဝေးစေရေးနှင့် တာတမံ ပြန်လည်စိတ်ချခိုင်ခံ့မှုရှိစေရေးအတွက် အဆိုပါ ၂၄ နာရီ နေ့စိုင်း/ညစိုင်း တာပြန်စီးခြင်းလုပ်ငန်းများကို ရေစီးကြောင်းအခြေအနေပေါ်မူတည်၍ အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

07-Aug-2026