ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် လေးမျက်နှာ-အိုင်သပြု-ငါးသိုင်းချောင်းလမ်းပေါ်ရှိ ရေတိုက်စားပျက်စီးခဲ့သော တံတားအမှတ်(၁/၆)အားကြည့်ရှုစစ်ဆေး

ပုသိမ် ဩဂုတ် ၄

လေးမျက်နှာ-အိုင်သပြု--ငါးသိုင်းချောင်းလမ်း မိုင်တိုင်အမှတ် ၅မိုင်နှင့် ၅မိုင်၁ဖာလုံကြား အလျား ၁၅ပေ၊ အနံ၁၂ပေ၊ အကျယ်၈ပေရှိ တံတားအမှတ်(၁/၆)၊ အရှည်၉ပေ၊ အကျယ်၂၆ပေ၊ အုတ်စီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်း Box Culvertသည် ယမန်နေ့နံနက်က လေးမျက်နှာမြို့နယ် ရှိ ငဝန်တာ၏ ရေကျော်စီးဝင်သော ရေစီးကြောင့် ရေတိုက်စားပျက်စီးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာ-အိုင်သပြု--ငါးသိုင်းချောင်းလမ်းပေါ်ရှိ တံတားအမှတ်(၁/၆)‌ပျက်စီးမှုနှင့် ‌ယာယီဘေလီတံတား တည်ဆောက်ပေးနိုင်ရန် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားခဲ့သည်။

04-Aug-2026