အသိပေးနှိုးဆော်အပ်ပါသည်

၂၀၂၆ သြဂုတ် ၃

လတ်တလော ကြုံတွေ့နေရသော ရေဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေကြသည့် ဘေးသင့်ပြည်သူများအား ကူညီရန် အကြောင်းပြ၍ လမ်းမများပေါ်တွင် မသမာသောနည်းလမ်းများဖြင့် ငွေကြေးလိုက်လံအလှူခံနေသည့် ဖြစ်စဉ်များ တွေ့ရှိနေရပါသည်။ မိမိတို့၏ စေတနာနှင့် သဒ္ဓါတရားဖြူစင်စွာ လှူဒါန်းလိုက်သော ငွေကြေးနှင့် ထောက်ပံ့ပစ္စည်းများသည် ဘေးသင့်ပြည်သူများထံ အမှန်တကယ်မရောက်ရှိဘဲ လိမ်လည်သူများ၏ လက်ဝယ်သို့ ရောက်ရှိသွားပါက အလှူ၏ ထိရောက်မှု လျော့နည်းသွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မိမိတို့၏ ထောက်ပံ့ကူညီမှုများ ဘေးသင့်ဒေသများသို့ စနစ်တကျနှင့် အမြန်ဆုံး ရောက်ရှိစေရန်အတွက် အောက်ပါတရားဝင်အဖွဲ့အစည်းများနှင့် စခန်းများထံသို့သာ တိုက်ရိုက်ဆက်သွယ် လှူဒါန်းပေးကြပါရန် အသိပေးနှိုးဆော်အပ်ပါသည် -

(၁) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန (DDM) ရုံးများ

(၂) မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (Red Cross) ဌာနချုပ်နှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့များ

(၃) တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးများ

(၄) အစိုးရက ထူထောင်ထားသည့် ရေဘေးကူညီရေးနှင့် ကယ်ဆယ်ရေး စခန်းများ

(၅) ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ

မိမိတို့၏ စေတနာ သဒ္ဓါတရားများ လေလွင့်မသွားဘဲ ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ စနစ်တကျ တိုက်ရိုက်ရောက်ရှိကာ ထိရောက်သည့် ကူညီထောက်ပံ့မှုဖြစ်စေရန် အထက်ပါ အစိုးရဌာနများ၊ ကြက်ခြေနီအသင်းနှင့် တရားဝင် အလှူခံစခန်းများတွင်သာ ပူးပေါင်းလှူဒါန်းပေးကြပါရန် နှိုးဆော်အပ်ပါသည်။

03-Aug-2026