ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ငဝန်ရေကာတာကျိုးပေါက်သည့်နေရာပြုပြင်နေမှုကိုသွားရောက်ကြည့်ရှုအားပေး
ပုသိမ် ဩဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ဦးစီး၍ ငဝန်တာကျိုးပေါက်နေသည့်နေရာပြုပြင်နေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒုတိယဝန်ကြီးက "လက်ရှိ ကမ်းရင်းတာ(တာဟောင်း)အား ရေတိုက်စားပြိုကျမှုမှ ကာကွယ်နိုင်ရန်အတွက် တာခြေထောက်ခြင်းလုပ်ငန်းများအဖြစ် Geo Bag ကမ်းထိန်းအိတ်များချခြင်း၊ မျောတုတ်တန်းကာ၍ သဲအိတ်ဖြည့်ခြင်းလုပ်ငန်းများ၊ ကမ်းရင်းတာ(တာဟောင်း) ၁၂၀ ပေ ရေဝင်ပေါက်အား ဘေးနှစ်ဖက် မျောတုတ်တန်းများရိုက်၍ သဲအိတ်များထည့်ကာ ရေစီးကြောင်းအရှိန်လျော့ချရေး ဆောင်ရွက်ခြင်းလုပ်ငန်းများ၊ ပန်းတာအား ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် လိုအပ်သော တိုင်းတာမှုလုပ်ငန်းများနှင့် ပစ္စည်းစုဆောင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ ရေနက်စီးကြောင်း ပိတ်ဆို့ဟန့်တားရန်အတွက် Geo Bag များ၊ ကျောက်ဖြည့်သံခြင်းချခြင်း လုပ်ငန်းများကို စက်ယန္တယားများရောက်ရှိပါက ဆက်လက်ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေစီးကြောင်းအရှိန်လျော့ချရေးနှင့် ရေနက်စီးကြောင်း ပိတ်ဆို့ဟန့်တားရန်အတွက် Geo Bag များ၊ ကျောက်ဖြည့်သံခြင်းချခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် သဲနှင့် ကျောက်များကို ရနိုင်သည့် အနီးဆုံးနေရာများမှ သယ်ယူဆောင်ရွက်နိုင်ရေးနှင့် စက်ယန္တယားများ အမြန်ဆုံးရောက်ရှိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။