လေးမျက်နှာမြို့နယ် ရေဘေးကူညီကယ်ဆယ်ရေးအခြေအနေသတင်းထုတ်ပြန်ခြင်း

လေးမျက်နှာမြို့နယ် ရေဘေးကူညီကယ်ဆယ်ရေးအခြေအနေသတင်းထုတ်ပြန်ခြင်း

၂၀၂၆ ခုနှစ်၊ သြဂုတ် ၁

(၁) #အုပ်ချုပ်ရေးနှင့်ရွှေ့ပြောင်းပေးနိုင်မှုအခြေအနေ

လေးမျက်နှာမြို့သည် ရပ်ကွက် (၅) ခုသာရှိသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို နိုင်နိုင်နင်းနင်းနှင့် လွှမ်းခြုံဆောင်ရွက်နိုင်ခဲ့ပါသည်။ မြို့နှင့်ထိဆက်နေသော ကျေးရွာများမှ အိမ်အမြင့်များဖြင့် နေထိုင်သော ပြည်သူများ၊ မိမိအိမ်တွင်သာနေခြင်သော ပြည်သူများကိုလည်း သောက်သုံးရေနှင့် အစားအစာများ စီစဉ်ပေးခြင်းဘေးလွတ်ရာ ကူညီကယ်ဆယ်ရေးစခန်းနှင့်ဆွေမျိုးသားခြင်းများရှိရာသို့ ကယ်ဆယ်ရေးအဖွဲ့များ၏ အကူအညီဖြင့် ၎င်းမိမိတို့၏အစီအစဥ်ဖြင့်၎င်းပြောင်းရွှေ့နေထိုင်ကြပါသည်။ ဘေးအန္တရာယ် ရှိနိုင်သည့် ပြည်သူများအားလုံးကို ဘေးလွတ်ရာသို့ ရာနှုန်းပြည့် ပြောင်းရွှေ့ပေးထားပြီး ဖြစ်ပါသည်။

(၂) #ကူညီကယ်ဆယ်ရေးပူးပေါင်းအင်အားစုများ

တပ်မတော်၊ ရဲတပ်ဖွဲ့၊ အရန်မီးသတ်- စုစုပေါင်းအင်အား (၄၃၈) ဦး

လူမှုရေးအသင်းအဖွဲ့များ (၁၉ ဖွဲ့)- စုစုပေါင်းအင်အား (၁၅၀) ဦး

(၃) #အသုံးပြုနေသည့်ကယ်ဆယ်ရေးယာဉ်/စက်ပစ္စည်း

#ဖိုက်ဘာလှေ စုစုပေါင်း ၃၇ စီး

(၄) #ထိခိုက်ပျက်စီးမှုအခြေအနေ

#ထိခိုက်ဒဏ်ရာရရှိမှု- (မရှိပါ)

#လူအသေအပျောက်- (မရှိပါ)

အင်အားစုအသီးသီး၏ စုပေါင်းအားထုတ်မှု၊ စက်လှေ/ယာဉ်များ ပြည့်စုံမှုနှင့် မြို့ဧရိယာ သိုသိပ်မှုတို့ကြောင့် ရေဘေးသင့် ပြည်သူများအား ထိခိုက်ဒဏ်ရာနှင့် အသက်အန္တရာယ်မရှိစေဘဲ ဘေးလွတ်ရာသို့ အချိန်မီ အောင်မြင်စွာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါသည်။

02-Aug-2026