ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ကြီး၏ လမ်းညွန်မူဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ မရပ်မနားလုပ်ဆောင်နေ
ပုသိမ် ဇူလိုင် ၃၁
၃၁.၇.၂၀၂၆ ရက်နေ့၊ ၀၇ ၀၀ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ငဝန်မြစ်ရေကာတာကျိုးပေါက်မှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားလျက်ရှိသော အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅) ရပ်ကွက်၊ ဂျမ်းကုန်းကျေးရွာ၊ ကျွန်းတဲကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာနှင့် ညောင်ပင်ဝဲကျေးရွာရှိ အိမ်ထောင်စုများအား ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကယ်ဆယ်ရွှေ့ပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
31-Jul-2026