ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာပညာသိပ္ပံ(ပုသိမ်)ရှိ တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများ ပန္နက်တင်မင်္ဂလာ အခမ်းအနားတက်ရောက်
ပုသိမ် ဇူလိုင် ၃၀
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာပညာသိပ္ပံ(ပုသိမ်) သင်တန်းကျောင်း/ရုံး ၁၇၄ပေ×၄၄ပေ RC နှစ်ထပ်ဆောင်၊ ၁၃၆ပေ×၄၄ပေ သုံးထပ် သင်တန်းသူအဆောင်၊ စားရိပ်သာ ၁၂၀ပေ×၄၀ပေ RC နှစ်ထပ်နှင့် ထမင်းချက်ဆောင် ၁၀၀ပေ × ၅၀ပေ RC တစ်ထပ် တည်ဆောက်ခြင်းစီမံကိန်း ပန္နက်တင်မင်္ဂလာအခမ်းအနား များသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ မင်္ဂလာအချိန်တွင် ပန္နက်တော် များအား (၉)ချက်စီရိုက်၍ အသီးသီး ပန္နက်တင်ပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့သည်။ ယင်းနောက် ရှင်းလင်းဆောင်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်အား အဆောက်အဦများအား တာဝန်ယူဆောက်လုပ်မည့် ကုမ္ပဏီမှတာဝန်ရှိသူများက အဆောက်အဦဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများအား အသီးသီးရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလ အတွင်းပြီးစီးစေရေး၊ လုပ်ငန်းအရည်အသွေးနှင့် လုပ်ငန်းသုံးပစ္စည်းများ အရည်အသွေး ပြည့်မီရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။