ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ဖွံ့ဖြိုးဝေစည်ဧရာဝတီဆိုင်းဘုတ်နှင့် အဆင့်မြင့်မြေယာရှုခင်းဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ် ရက်(၁၀၀) စီမံချက် ကာလအတွင်း ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်သော “ ဖွံ့ဖြိုးဝေစည် ဧရာဝတီ ဆိုင်းဘုတ်နှင့် မြို့ဝင်ဆိုင်းဘုတ်ရှေ့ အဆင့်မြင့်မြေယာရှုခင်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့အဝင်ရှိ အဆိုပါနေရာ၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး တို့သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးသည်။ ဦးစွာ “ ဖွံ့ဖြိုးဝေစည်ဧရာဝတီ ဆိုင်းဘုတ်နှင့် မြို့ဝင်ဆိုင်းဘုတ်ရှေ့ အဆင့်မြင့် မြေယာရှုခင်း”အား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးပြီး ဆိုင်းဘုတ်အားအမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ယင်းနောက် မြို့ဝင် ဆိုင်းဘုတ်ရှေ့ အဆင့်မြင့်မြေယာရှုခင်း ပြုလုပ်ထားမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြေယာရှုခင်းများ အမြဲစိမ်းလန်းစိုပြေစေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေး အလေးထား ဆောင်ရွက်ရန်သည်။

30-Jul-2026