ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ညောင်တုန်းမြို့ ပန်းလှိုင်မြစ်ကမ်းပါးအား ကြည့်ရှုစစ်ဆေး
ပုသိမ် ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့၁၂လမ်းထိပ် ပန်းလှိုင်မြစ်ကမ်းပါးအား ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများက အမြင့်ဆုံးရောက်ရှိခဲ့သည့်ရေအမှတ်နှင့် လက်ရှိရောက်ရှိနေသည့် ရေအမှတ်များ၊ မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ မြစ်ကမ်းထိန်း လုပ်ငန်းများနှင့် တာတမံများကြံ့ခိုင်ရေးလုပ်ငန်းများကိုလည်း အစဉ်အမြဲ စစ်ဆေးဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ ဆက်လက်၍ ညောင်တုန်းမြို့နယ်ဆားမလောက်ကျေးရွာသို့ရောက်ရှိ၍ ရေများချိန်အရေးပေါ် အကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ထားမှုအခြေအနေ၊ ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် ကမ်းထိန်းလုပ်ငန်းများ၊ ၂၀၂၇-၂၀၂၈ဘဏ္ဍာနှစ်တွင်ဆောင်ရွက်ရန် လျာထားလုပ်ငန်းတို့ကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုမှာကြားခဲ့သည်။