ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် တိုင်းဒေသကြီး MSME အေဂျင်စီမှ ကြီးမှူးကျင်းပသော “ MSME လုပ်ငန်းရှင်များအတွက် လုပ်ငန်းလမ်းညွှန်ချက် (SME Toolkit)" သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်
ပုသိမ် ဇူလိုင် ၁၁
ဧရာဝတီတိုင်းဒေသကြီး MSME အေဂျင်စီမှ ကြီးမှူးကျင်းပသော “ MSME လုပ်ငန်းရှင် များအတွက် လုပ်ငန်းလမ်းညွှန်ချက် (SME Toolkit)" သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး MSME အေဂျင်စီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က“အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များဟာ နိုင်ငံတော်ရဲ့ စီးပွားရေး မောင်းနှင်အားဖြစ်သလို၊ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးနိုင်မှု၊ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်မှုနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရာတွင်အဓိကကျတဲ့ အခြေခံအုတ်မြစ် တဲ့အတွက် မိမိတို့အစိုးရအဖွဲ့အနေနဲ့ ဒေသတွင်းလုပ်ငန်းရှင်များ လုပ်ငန်းခွင် အဆင်ပြေချောမွေ့ စေရေး၊ ကုန်ထုတ်လုပ်မှုကွင်းဆက်များ အားကောင်းလာစေရေးနဲ့ ဈေးကွက်ရရှိစေရေး တို့ကို ဘက်စုံကနေအစဉ်တစိုက်ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံကုန်ကြမ်းများကိုအသုံးချပြီး တန်ဖိုးမြှင့် ထုတ်ကုန် (Value-Added Products) တွေအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ဖို့ကိုလည်း အထူးဦးစားပေး ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်းလိုအပ်သည့်ကိစ္စရပ်များနှင့် ဈေးကွက်ချိတ်ဆက်မှုများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ ရရှိလာမည့် လုပ်ငန်းလမ်းညွှန်ချက် (SMEToolkit) နည်းစနစ် များကို အောင်မြင်စွာ ပေါင်းစပ်အသုံးချကာ မိမိတို့ တိုင်းဒေသကြီးနှင့်နိုင်ငံတော်၏ စီးပွားရေးကို ခိုင်မာစွာ မြှင့်တင်မောင်းနှင် ပေးနိုင်မည့် စီးပွားရေးအင်အားစုကြီးများ ဖြစ်ကြပါစေကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး MSME အေဂျင်စီဥက္ကဋ္ဌ၊ စည်ပင်သာယာရေး ဝန်ကြီးက သင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး MSME အေဂျင်စီမှ ကြီးမှူးကျင်းပသော “ MSME လုပ်ငန်းရှင် များအတွက် လုပ်ငန်းလမ်းညွှန်ချက် (SME Toolkit)" သင်တန်းကို ယနေ့မှ ၁၂.၇.၂၀၂၆ ရက်နေ့အထိ ပို့ချသွားမှာဖြစ်ကြောင်းသိရသည်။