ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မုန်းသီတာမျိုးစေ့ ထုတ်လုပ်ရေး ကုမ္ပဏီသို့သွားရောက်၍ စပါးမျိုးထုတ်လုပ်နေမှုအခြေအနေများကို ကြည့်ရှုအားပေး
ပုသိမ် ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မုန်းသီတာမျိုးစေ့ ထုတ်လုပ်ရေး ကုမ္ပဏီသို့သွားရောက်၍ စပါးမျိုးထုတ်လုပ်နေမှုအခြေအနေများကို ကြည့်ရှုအားပေးရာ တာဝန်ရှိသူတစ်ဦးက အနက်ရောင်ပေါ်ဆန်းမွှေး၊ ဆာဖိုးသာ-၁နှင့် မုန်းသီတာ(၁)(၂)(၃)(၄) စပါးမျိုးစေ့ထုတ်လုပ်မှုအခြေအနေများ၊ စပါးမျိုးအလိုက် အအေးခန်းစနစ်ဖြင့် ထားရှိအခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မျိုးကောင်းမျိုးသန့်မျိုးစပါးများ ပိုမိုထုတ်လုပ်၍ တောင်သူများထံဖြန့်ဖြူးပေးနိုင်ရေး၊ မျိုးစပါးထုတ်လုပ်ရောင်းချမှုနှင့် တောင်သူများမှ ဝယ်ယူသုံးစွဲမှုအခြေအနေများအား စနစ်တကျ မှတ်တမ်းထားစေရေး မှာကြားခဲ့သည်။ ထို့နောက် တောင်သူများနှင့်တွေ့ဆုံကာ စိုက်ဧကများပြည့်မီရေး၊ မျိူးကောင်းမျိုးသန့်များ စိုက်ပျိုးရေး၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးကိစ္စရပ်များ ဆွေးနွေးပြောကြားခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။