ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် Myanmar Women’s League 2026-27 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကစားနေသည့် Ayeyawady FCအသင်းမှ ကစားသမားများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသူလေးများ၏ Meet The Future အစီအစဉ်အား တက်ရောက်အားပေး

ပုသိမ် ဇူလိုင် ၁

Myanmar Women’s League 2026-27 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကစားနေသည့် Ayeyawady FC အသင်းမှ ကစားသမားများနှင့် အခြေခံပညာ ကျောင်းများမှ ကျောင်းသူလေးများ၏ Meet The Future အစီအစဉ်ကို ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းဖူဆယ်အားကစားရုံတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်အားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဝန်ကြီးချုပ်နှင့် ဧည်သည်တော်များသည် Ayeyawady FC အမျိုးသမီးအသင်းမှ နည်းပြ၊ ကစားသမားများသည် အခြေခံပညာကျောင်းများမှ ကျောင်းသူလေးများနှင့်အတူ ဘောလုံးအခြေခံအားကစားနည်းများလေ့ကျင့်ခြင်း၊ ဂိမ်းကစားခြင်းများကို ကြည့်ရှုအားပေးခဲ့သည်။ Meet The Future အစီအစဉ်ကိုပြုလုပ်ခြင်းဖြင့် အခြေခံပညာကျောင်း များမှတဆင့် မျိုးဆက်သစ်အားကစားသများ စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေး၊ အားကစားသမားများ နည်းပြများနှင့် တိုက်ရိုက်ထိတွေ့ခြင်းအားဖြင့် ကလေးငယ်များ အားကစားကဏ္ဍတွင် ပိုမိုစိတ်ဝင်မှုရှိလာစေရေး၊ ထူးချွန်ထက်မြက်သည့် အားကစားသမားများပေါ်ထွက်လာစေရေး ငယ်စဉ်ကတည်းကပင် စနစ်တကျရွေးချယ်၍ ပြုစုပျိုးထောင်ပေးနိုင်မှာဖြစ်ကြောင်းသိရသည်။

01-Jul-2026