ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် Myanmar Women's League 2026-27 Week-2 ပွဲစဉ်အား အိမ်ရှင်အဖြစ်လက်ခံကစားမည့် Ayeyawady FC အသင်းနှင့် Young Lionesses အမျိုးသမီးအသင်းမှ အားကစားသမားများကို တွေ့ဆုံအားပေး
ပုသိမ် ဇွန် ၂၄
Myanmar Women's League 2026-2027 Week-2 ပွဲစဉ်အား ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ Ayeyawady FC အမျိုးသမီးအသင်းက Young Lionesses အမျိုးသမီးအသင်းကို အိမ်ရှင်အဖြစ်လက်ခံ၍ ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် ဇွန်လ(၂၂)ရက်နေ့ ညနေပိုင်းက Ayeyawady FC အမျိုးသမီးအသင်းနှင့် Young Lionesses အမျိုးသမီးအသင်းမှ အားကစားသမားများကို တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။ အဆိုပါပွဲစဉ်ကို ဇွန်လ၂၃ရက်နေ့တွင် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ကျင်းပခဲ့ရာ Ayeyawady FCအသင်းက Young Lionesses FC အသင်းကို သုံးဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး AYA Pay Player of the Match ဆုကို Ayeyawady FCမှ စန်းသော်သော်ရရှိခဲ့ကာ အိမ်ရှင်ပရိသတ်များကလည်း ကွင်းလုံးပြည့်လာရောက်အားပေးခဲ့ကြောင်းသိရှိရပါသည်။