ပြည်သူများမှ အခွန်အခများပေးဆောင်မူအပေါ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အထူးပင်ကျေးဇူးတင်မိပါကြောင်း၊ အခွန်အခငွေကြေးများအား ပြည်သူတွေရဲ့ လိုအပ်နေသောနေရာများအားမှန်ကန်မြန်ဆန်ထိရောက်စွာ အကျိုးပြုလုပ်ဆောင်သွားမည်
၂၀၂၆ ခုနှစ် ဇွန် ၂၀
ဧရာ၀တီတိုင်းဒေသကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ စတုတ္ထသုံးလပတ်အတွက် ပေးချေရန်ဖြစ်သည့် အခွန်အကောက်ရငွေများမှ အခွန်ဝေစုများလွှဲပြောင်းပေးခြင်းအစီအစဉ်အရ စုစုပေါင်းကျပ်သန်း(၄၅၅၉.၅၈၈) အား တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေး၀န်ကြီးထံသို့ ဇွန်လ ၁၆ ရက်နေ့တွင်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ အဆိုပါ လွှဲပြောင်းရရှိသည့် အခွန်ဝေစုငွေများကို ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ ဒေသအခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ထိရောက်စွာ ခွဲဝေသုံးစွဲသွားမည်ဖြစ်ကြောင်းသိရသည်။
20-Jun-2026