ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ကန်ကြီးထောင့်မြို့နယ် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေး
ပုသိမ် ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ ရောက်ရှိ၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့ရာ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားနေမှုအခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများ ပိုမိုတက်ရောက်စေရေးအတွက် အသိပညာပေးစည်းရုံးဆောင်ရွက်မှု အခြေအနေများ၊ ပညာသင်ကြားခွင့်ကာလပြီးဆုံးပါက ရရှိသည့်အဆင့်အလိုက် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများတွင် ဆက်လက်ပညာဆည်းပူးနိုင်မည့်အခြေအနေများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က "ဧရာဝတီ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်ပါက တိုင်းဒေသကြီးအတွက် အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး တက်ရောက်နိုင်ရေးအတွက်လည်း အသိပညာပေးဟောပြောပွဲများ ပိုမိုဆောင်ရွက် သွားရန်” မှာကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ဗလာစာအုပ်များနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။