ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ပုသိမ်မြို့နယ်အတွင်း အမှိုက်သိမ်းဆည်းခြင်းနှင့် အမှိုက်ပုံစီမံခန့်ခွဲခြင်းလုပ်ငန်းများအတွက်စီမံလျာထားမှုများအား ရှင်းလင်းတင်ပြသည့် အစည်းအဝေးတက်ရောက်

ပုသိမ်     ဇွန်         ၁၅

ပုသိမ်မြို့နယ်အတွင်း အမှိုက်သိမ်းဆည်းခြင်းနှင့် အမှိုက်ပုံစီမံခန့်ခွဲခြင်းလုပ်ငန်းများအတွက် စီမံလျာထားမှုများအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက အမှိုက်များအမျိုးအစားခွဲခြားခြင်း၊ အမှိုက်မှ စွမ်းအင်ထုတ်လုပ်ခြင်း၊ အမှိုက်မှမြေဩဇာထုတ်လုပ်ခြင်း၊ ပညာပေးလုပ်ငန်းများ ဖော်ဆောင်လုပ်ကိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကာကွယ်ရေး၊  ရပ်ကွက်အလိုက် အမှိုက်သိမ်းဆည်းမည့်အစီအစဉ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနများ၏ အထွေထွေဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က“လက်ရှိ စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်နေသောအမှိုက်သိမ်းစနစ်များကို လေ့လာသိရှိထားရန် လိုပါကြောင်း၊ အမှိုက်သိမ်းစနစ်လုပ်ငန်းများ စနစ်တကျဖြစ်စေရေးအတွက် အသေးစိတ်ပြန်လည် တင်ပြပေးစေလိုကြောင်း”ပြောကြားခဲ့သည်။

15-Jun-2026