ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆေးကုသရေးအစီအစဉ်ဖြင့် ဒေသခံပြည်သူများအား လာရောက်ဆေးကုသပေးသည့် ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများနှင့်တွေ့ဆုံ

ပုသိမ် မေ ၃၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ယနေ့ မွန်းလွဲပိုင်းတွင် ပုသိမ်ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆေးကုသရေးအစီအစဉ်ဖြင့် ဒေသခံပြည်သူများအား လာရောက်ဆေးကုသပေးသည့် ပါမောက္ခ/အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ “ ဒေသခံပြည်သူများအား လာရောက်ဆေးကုသပေးသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများကို ကျေးဇူးတင်ရှိပါကြောင်း၊ ဆေးကုသပေးရာတွင်လည်း လစ်ဟာမှုများမရှိအောင် တာဝန်ရှိသူအားလုံးက ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပြည်သူများကလည်း အားကိုကြီးစွာဖြင့် လာရောက်ပြသကြသခဲ့ပြီး စေတနာအရင်းခံ၍ ကုသပေးသည့် ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများကို ကျေးဇူးတင်ပါကြောင်း” ပြောကြားခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများက အထူးကုဆေးကုသရေးအစီအစဉ်ဖြင့် လူနာ (၈၁၈) ဦးအား အခမဲ့ဆေးကုသပေးခြင်းကို မေလ(၃၀)ရက်နေ့မှ (၃၁)ရက်နေ့အထိ နှစ်ရက် စမ်းသပ်ကုသပေးခဲ့ကြောင်းသိရသည်။

31-May-2026