ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် CHANGAN SMILING FACE (ပုသိမ်)ကားအရောင်းပြခန်းအားတက်ရောက်ဖွင့်လှစ်

ပုသိမ် မေ ၃၁

CHANGAN SMILING FACE(ပုသိမ်)ကားအရောင်းပြခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်-မုံရွာလမ်းမကြီး၊ တိုင်းဒေသကြီးလွှတ်တော်ရုံးရှေ့ရှိ အဆိုပါအရောင်းပြခန်းတွင် ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးသိန်းထွန်း၊ ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူCHANGAN SMILING FACE (ပုသိမ်)ကားအရောင်းပြခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ အရောင်းပြခန်းတွင် ပြသထားသည့် မော်တော်ယာဉ်များကို ကြည့်ရှုအားပေးခဲ့သည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် CHANGAN Myanmar HQ Management ဒါရိုက်တာနှင့် CHANGAN Smiling Face ပိုင်ရှင်တို့က CHANGAN၏ Core Values၊ Dealer Network & Distribution Channel အကြောင်း၊ CHANGAN Smiling Face၏ အောင်မြင်မှုမှတ်တိုင်များ နှင့်ထုတ်ကုန်များ၊ ဝန်ဆောင်မှုများအကြောင်းကို ရှင်းလင်းတင်ပြခဲ့ပြီး ကြွရောက်ပေးကြသော ဧည့်သည်တော်များနှင့် အမေးအဖြေများ ပြုလုပ်ခဲ့ကြသည်။

31-May-2026