ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မအူပင်ခရိုင်၊ မအူပင်မြို့အထွေထွေရောဂါကုဆေးရုံကြီး CT Scan ဖွင့်ပွဲသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၂.၈.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မအူပင်ခရိုင်၊ မအူပင်မြို့အထွေထွေရောဂါကုဆေးရုံကြီး CT Scan ဖွင့်ပွဲသို့ တက်ရောက်၍ ဖွင့်လှစ်ခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီးအစည်းအဝေးခန်းမ၌ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားရာတွင် ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံတော်မှ ချမှတ်ထားသော လူမှုရေးဦးတည်ချက်နှင့် အမျိုးသား ကျန်းမာရေးမူဝါဒများကို အကောင်အထည်ဖော်ရာတွင် ပြည်သူလုထု၏ ကျန်းမာရေးအတွက် ကျန်းမာရေးအဆင့်အတန်း မြှင့်တင်ရေး၊ ရောဂါကြိုတင်ကာကွယ်ရေး၊ ရောဂါကုသရေးနှင့် ကျန်းမာရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရပါကြောင်း၊ လက်ရှိ မအူပင်ဆေးရုံကြီးမှာ CT Scan စက် တပ်ဆင်ပြီးဖြစ်တ့အတွက် ဒေသခံပြည်သူလူထုများရဲ့ ကျန်းမာရေး စောင့်ရှောက်မှု တိုးတက်လာမယ်ဆိုတာ လက်ခံရမည့်အချက်ဖြစ်ပါကြောင်း၊ မအူပင်တစ်ခရိုင်လုံးမှာရှိတဲ့ ပြည်သူများကိုသာမက ဖျာပုံခရိုင်တစ်ခုလုံး မော်လမြိုင်ကျွန်းနဲ့ ဘိုကလေးမြို့များမှာရှိတဲ့ ပြည်သူများအတွက်ပါ အကျိုးပြုနိုင်မှာဖြစ်တဲ့အတွက် အလွန်အကျိုးရှိမှာဖြစ်ကြောင်း၊ ဒီစက်ကို ရေရှည်အသုံးပြုနိုင်ဖို့အတွက် သက်ဆိုင်ရာဆေးရုံအုပ်ကြီးနှင့် ဆေးရုံဝန်ထမ်းများအားလုံးရဲ့ တာဝန်သာမက ဒေသအာဏာပိုင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူလူထုတစ်ရပ်လုံး ဝိုင်းဝန်းကူညီကြရန် လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး သိန်း (၁၀၀၀)ထည့်ဝင်လှူဒါန်းခဲ့သော အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် ဆေးရုံတွင် တက်ရောက်ဆေးကုသနေသော လူနာများအား ငွေကြေးထောက်ပံ့ပေးခဲ့ပါသည်။

21-Aug-2018