ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/သူများနှင့် ဂုဏ်ထူးသင်ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၇.၇.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ကျောင်းသားမိဘများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/သူများနှင့် ဂုဏ်ထူးသင်ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားရာ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အလျောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးသည်လည်း ကမ္ဘာကြီးနှင့်ရင်ဘောင်တန်း၍ ကြိုးစားနေပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ညောင်တုန်းမြို့နယ်အနေဖြင့် အောင်ချက်အားဖြင့် (၃၃.၃၇)ရာခိုင်နှုန်းရရှိခဲ့ကြောင်း၊ မြို့နယ်အဆင့်အနေဖြင့် အဆင့် (၆)ရရှိခဲ့ကြောင်း၊ ယခုကဲ့သို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သော ကျောင်းသား/သူများနှင့် ဂုဏ်ထူးသင် ဆရာ/ဆရာမများအား အထူးပင် ဝမ်းမြောက်ပါကြောင်း၊ ပညာရေးကဏ္ဍတွင် ရေတိုရေရှည်စီမံချက်များ ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီး နိုင်ငံတော်အတွက် လူသားစွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးလျက်ရှိပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြားခဲ့ပြီး ဂုဏ်ထူးရ ကျောင်းသား/သူများနှင့် ဂုဏ်ထူးသင် ဆရာ/ဆရာမများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများကို ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

15-Aug-2018