ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ လျှောက်ထားသူ တောင်သူများကိုယ်စား တောင်သူ (၆)ဦးမှ တွေ့ဆုံတင်ပြမှုအပေါ် လက်ခံတွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၆.၇.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိဌာနဆိုင်ရာများနှင့်အတူ လပွတ္တာမြို့နယ်၊ ဘုရင့်နောင် ဧည့်ရိပ်သာတွင် ရွှေကျွန်းသာ ဒေသအတွင်း စိစစ်ဆောင်ရွက်နေဆဲ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ လျှောက်ထားသူ တောင်သူများကိုယ်စား တောင်သူ (၆)ဦးမှ တွေ့ဆုံတင်ပြမှုအပေါ် လက်ခံတွေ့ဆုံပြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်နေကြောင်း တောင်သူများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

15-Aug-2018