ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့ ၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် မိုးရာသီစာအုပ်ပြပွဲ၊ စာအုပ်စျေးရောင်းပွဲတော် ဖွင့်ပွဲနှင့် ပြည်သူ့စကားဝိုင်း (Public Talk)အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၆.၇.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ပုသိမ်မြို့ ၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် မိုးရာသီစာအုပ်ပြပွဲ၊ စာအုပ်စျေးရောင်းပွဲတော် ဖွင့်ပွဲနှင့် ပြည်သူ့စကားဝိုင်း (Public Talk)အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ မိုးရာသီစာအုပ်ပြပွဲ၊ စာအုပ်စျေးရောင်းပွဲတော်အား ဖွင့်လှစ်ခဲ့ပြီး စာအုပ်စျေးရောင်းပွဲတော် ဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။ ထို့နောက် ဝန်ကြီးချုပ်မှ အမှာစကား ပြောကြားရာတွင် ဒီကနေ့ ဆွေးနွေးပွဲကို လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဒီမိုကရေစီစနစ်ရဲ့ အင်္ဂါရပ်တွေအတိုင်း အများပြည်သူနှင့်အစိုးရ တာဝန်ရှိသူတွေကြားမှာ ဆွေးနွေးတိုင်ပင်ရမယ့် အကြောင်းကိစ္စတွေရှိလာတဲ့အခါ ဆွေးနွေးပြောကြားနိုင်တဲ့ အခွင့်အလမ်းတွေ ဖော်ဆောင်ပေးနိုင်ရန် မိုးရာသီစာအုပ်၊ စာစောင်ပြပွဲနှင့် စျေးရောင်းပွဲတော်၊ လူငယ်နှင့်အနာဂတ် ပြည်သူ့စကားဝိုင်း (Public Talk) ဆောင်ရွက်ခြင်းသည် နောင်အနာဂတ် အမိနိုင်ငံတော်ရဲ့ အခမ်းကဏ္ဍကို ထုဆစ်ပုံဖော်ကြမည့် အနာဂတ် မျိုးဆက်လူငယ်များအတွက် ဗဟုသုတနှင့် အသိပညာရရှိစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်စီစဉ်မှုဖြင့် ပြုစုပျိုးထောင်ပေးခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။

15-Aug-2018