ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဟိုတယ်ဝန်ဆောင်မှုစာတွေ့သင်တန်းပြီးမြောက်မှုနှင့် အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ် (၆)၊ အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၃.၃.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့၊ ကြောင်ပန်းကုန်းကျေးရွာ၊ အမျိုးသမီးအိမ်တွင်မှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် ဟိုတယ်ဝန်ဆောင်မှုစာတွေ့သင်တန်းပြီးမြောက်မှုနှင့် အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ် (၆)၊ အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

 

26-Mar-2018