ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် တိုင်းရင်းသားပြည်သူများအား စာသင်ကြားပေးနေမှုများကို ကြည့်ရှုအားပေး၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲနှင့် Drum Seeder ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ တောင်ကလေးကျေးရွာအခြေခံပညာမူလတန်းကျောင်း စာသင်ဝိုင်းသို့သွားရောက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် တိုင်းရင်းသားပြည်သူများအား စာသင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် စာသင်သားများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမတွင် မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့်တွေ့ဆုံပွဲနှင့် Drum Seeder ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုးရေးစံပြတိုင်းဒေသကြီးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်စဉ်စိုက်ဧကများပိုမို တိုးချဲ့စိုက်ပျိုးလျက်ရှိပြီး မိုးစပါးပန်းတိုင်အထွက်နှုန်း ရောက်ရှိစေရေးအတွက် ကြဲခင်းစနစ်များလျော့နည်းပပျောက်စေရေး ဆောက်ရွက်လျက်ရှိရာ Drum Seeder များ အသုံးပြုစိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ဆီဖူလုံရေးအတွက် ဆီထွက်သီးနှံဇုန်(၂)ခု သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးရေးပညာရှင်များကလည်း တောင်သူများအား အသိပညာပေးဆွေးနွေးခြင်းများ လာရောက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်းအထွက်နှုန်းရောက်ရှိရေး ကြိုးစားဆောင်ရွက်ရန်လိုပါကြောင်း” အမှာစကားများပြောကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများအား Drum Seeder များပေးအပ်ခဲ့ပါသည်။

15-May-2024