တိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်္သာတအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအားကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောက်ရွက်ပေးခဲ့

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဖေဖော်ဝါရီလ ၄ ရက်နေ့ နေ့လည်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ဟင်္သာတခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများ၏လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောက်ရွက်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့၊ အမှတ်၂ ရပ်ကွက်ရှိ ဆောင်းသီးနှံနေကြာ ဆင်းရွှေကြာ-၂ စိုက်ခင်း ဖြစ်ထွန်းနေမှုများအားကြည့်ရှုအားပေးခဲ့သည်။ ထို့အတူ လေးမျက်နှာမြို့နယ်၊ စာရေးကွင်းကျေးရွာ တောင်သူဦး ဌေးအောင်၏ စိုက်ဧက ၂ ဧကတွင် စိုက်ပျိုးထားသည့် Super sun-66နှင့် ဆင်းရွှေကြာ-၂ နေကြာစိုက်ခင်း ဖြစ်ထွန်းနေမှုများကိုကြည့်ရှုအားပေးခဲ့ပြီးနောက် နင်းကြမ်းကျေးရွာရှိတောင်သူ ဦးဇော်လွင်၏ စိုက်ဧက(၁၀)ဧကတွင် စိုက်ပျိုးထားသည့် ဆင်းရွှေကြာ(၂) ဆီထွက်သီးနှံဆောင်းနေကြာ စိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ရေပေးခြင်း၊ မြေဩဇာကျွေးခြင်းလုပ်ငန်းများအချိန်ကိုက်ဆောင်ရွက်ရန်၊ သီးသန့်နေကြာစိုက်ခင်းများပိုမိုဖြစ်ထွန်းအောင်မြင်အောင်စိုက်ပျိုးကြရန်၊ မျိုးရွေးချယ်ခြင်းလုပ်ငန်းများစနစ်တကျဆောင်ရွက်စေရေး၊ ရိတ်သိမ်းချိန် လေလွင့်မှုမရှိစေရေးနှင့်အောင်မြင်အောင်စိုက်ပျိုးစေရေးမှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောကြီးကျေးရွာအုပ်စု စမ်းချောင်းရိုးအားဖြတ်၍ နွေစပါး အောင်ရေ ရရှိရေးအတွက် စမ်း ချောင်းရိုးတွင် ၆ပေ×၁၀ပေ×(၄)ပေါက် အလျား ၅၆ပေ၊ အကျယ် ၃၅ပေ၊ အမြင့် ၁၃ပေ ရေတံခါးတည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ရာ ယာယီရှင်းလင်းဆောင်တွင် တာဝန်ရှိသူများမှ ပန်းတောကြီးကျေးရွာအုပ်စု၊ စမ်းချောင်းရိုးချောင်း အားဖြတ်၍ ရေတံခါးတည်ဆောက်ခြင်းလုပ်ငန်း၊ ကျီးပေါက်ကုန်းကျေးရွာအုပ်စု၊ တလုတ်ရိုးအားဖြတ်၍ ရေထိန်းရေမြင့်အဆောက်အဦအမှတ်၁နှင့် အမှတ်၂ တည်ဆောက်ခြင်း၊ ပြည်တော်သာရိုးအားဖြတ်၍ ရေထိန်းရေမြင့် အဆောက်အဦတည်ဆောက်ခြင်း၊ ပန်းတောကြီးကျေးရွာအုပ်စုနှင့် ကျီးပေါက်ကုန်းကျေးရွာအုပ်စုရှိ တလုတ်ရိုး ပြန်လည်တူးဖော်ခြင်း၊ ပန်းတောကြီးကျေးရွာအုပ်စုရှိ မရမ်းချောင်း တူးဖော်ခြင်း၊ ကျီးပေါက်ကုန်းကျေးရွာအုပ်စု ကြာအင်းကြီးရိုးအား ရေနုတ်မြောင်းတူးဖော်ခြင်း၊ စိန်လည်ကွင်းမှရေသိုးရွာထိပ်အထိ ပြည်တော်သာရိုးတူးဖော်ခြင်း၊ ဒေါင့်ကြီးကျေးရွာအုပ်စု ရေသိုးရွာမှ အင်းလွတ်ရွာအထိ ရေသိုးချောင်းမကြီး ပြန်လည်တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဒုတိယသီးနှံ နွေစပါး တိုးတက်စိုက်ပျိုးနိုင်မည့်အခြေအနေများအားရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စိုက်ပျိုးရေရရှိစေရေးအတွက် ေစာလျင်စွာတည်ဆောက်ပြီးစီးစေရေး၊ စိုက်ပျိုးရေများအားစနစ်တကျသုံးစွဲစေရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။

ထိုကဲ့သို့ ရေတံခါးများတည်ဆောက်ပေးခြင်း၊ တိမ်ကောနေသော အဓိကရေနုတ် ချောင်းများတူးဖော်ပေးခြင်းဖြင့် ဒေသတွင်း ရေကျချိန်စောကာ ရေကျနောက်စိုက်စပါးများစောလျင်စွာစိုက်ပျိုးနိုင်ခြင်း၊ စိမ့်စမ်းရေများကိုသိုလှောင်အသုံးပြုခြင်းဖြင့် ဒုတိယသီးနှံ မစိုက်ပျိုးနိုင်သော လယ်မြေ ဧက ၁၅၃၀ ဧက ကိုနွေစပါးစိုက်ပျိုးနိုင်ရေး အတွက်အကျိုးပြုနိုင်မှာဖြစ်ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြီးပေါက်ကုန်းကျေးရွာ တောင်သူဦး ဇော်မိုး၏ စိုက်ဧက ၅ဧ ကတွင် နွေစပါး(မှော်ဘီ-၃) မျိုးစပါးအား မျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုးနေမှုအားကြည့်ရှုအားပေးခဲ့ပြီး အထွက်တိုးမျိုးစပါးများပြောင်းလဲအသံားပြုခြင်း၊ ခေတ်မီစိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးခြင်းဖြင့် တစ်ဧကအထွက်တိုးမှုအခြေအနေများဆွေးနွေးပြောကြားခဲ့ပြီး တောင်သူများကျယ်ကျယ်ပြန့်ပြန့်လိုက်ပါဆောင်ရွက် စေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။

04-Feb-2024