တိုင်းဒေသကြီး ဝန်ကြီးချုပ် ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ရေကြည်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအားဆေးကုသပေးနေမှုများကိုကြည့်ရှုအားပေး

ကျန်းမာရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများသည် ရေကြည်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအားဆေးကုသပေးနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့မှ အထွေထွေရောဂါကုသမားတော်ကြီး၊ မျက်စိအထူးကုဆရာဝန်ကြီး၊ အရိုးအထူးကုဆရာဝန်ကြီး၊ နားနှာခေါင်းလည်ချောင်းအထူးကုဆရာဝန်ကြီး၊ ကလေးအထူးကုဆရာဝန်ကြီး၊ သွားဖက်ဆိုင်ရာအထူးကုဆရာဝန်ကြီး၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ ဓါတ်မှန်/အာထရာဆောင်း အထူးကုဆရာဝန်ကြီးများမှ အခမဲ့ဆေးကုသမှုပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကာ အထူးကုဆရာဝန်ကြီးများအားလက်ဆောင်ပစ္စည်းများနှင့်ဆေးလာရောက်ကုသသည့် လူနာများအတွက်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

အထူးကုဆရာဝန်ကြီးများမှ ထိုသို့ကုသပေးခဲ့ရာတွင်အထွေထွေရောဂါကုသလူနာ(၂၄၈)ဦး၊ မျက်စိရောဂါကုသလူနာ(၁၃၃)ဦး၊ အရိုး၊အကြော၊အဆစ်လူနာ (၈၉)ဦး၊ ခွဲစိတ်လူနာ(၂၂)ဦး၊ ကလေးလူနာ(၁၄)ဦး၊ သားဖွားမီးယယ်လူနာ(၂၈)ဦး၊ သွားနှင့်ခံတွင်းလူနာ(၆၅)ဦး၊ စုစုပေါင်းလူနာ(၅၉၉)ဦး အား အခမဲ့ကုသပေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်္ဂလာအောင်သိဒ္ဓိကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် သာသနာရေးဆိုင်ရာကိစ္စရပ်များတင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများဆပ်ကပ်လှူဒါန်းခဲ့သည်။

19-Nov-2023