ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အိမ်မဲမြို့နယ်၊တောင်စုကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားတက်ရောက် ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် အိမ်မဲမြို့နယ်၊တောင်စုကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားတက်ရောက်၍  တာဝန်ရှိသူများနှင့်အတူ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းကို အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့သည်။

ယင်းနောက်  လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ကျေးရွာအတွင်း မီတာတပ်ဆင် ထားမှုများနှင့် လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အိမ်မဲမြို့နယ်၊တောင်စုကျေးရွာ၌ ‌လျှပ်စစ်မီး ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းကြောင့် ၎င်းရွာမှ အိမ်ခြေ (၅၈)လုံးတို့သည် လျှပ်စစ်မီးများ စတင်သုံးစွဲနိုင်မည်ဖြစ်ပြီး ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှုကိုလည်း များစွာအထောက်အကူ ပြုစေမည်ဖြစ်ကြောင်းသိရသည်။

20-Mar-2023