ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည်မြောင်းမြ မြို့နယ် နွေစပါးတစ်ဧကတင်း(၁၂၀) အထက်ထွက်ရှိရေး ဧက(၁၀၀) စံပြကွက်သို့သွားရောက်ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ မတ်လ ၂၀ရက်နေ့ နေ့လည်ပိုင်းတွင် မြောင်းမြမြို့နယ် မဒေါ့ပင်ကျေးရွာရှိ နွေစပါးတစ်ဧကတင်း(၁၂၀) အထက်ထွက်ရှိရေး ဧက (၁၀၀)စံပြကွက်သို့သွားရောက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့်ဆောင်ရွက်သည့်  (GW-11) မျိုးစပါး စိုက်ပျိုးဖြစ်ထွန်းအောင်မြင်မှုများကို ကြည့်ရှုအားပေးခဲ့သည်။ 

ထို့နောက် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍  နိုင်ငံတော်မှ သွင်းအားစုများထောက်ပံ့ပေးသည်နှင့်အညီ  အရည်အသွေးကောင်းမွန်စေရေး၊ အထွက်နှုန်းတိုးစေရေးနှင့်  ပိုးမွှားအန္တရာယ်ကျရောက်မရှိစေရေး၊ အထွက်တိုးစပါးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးစေရေး၊ စံပြကွက်များပိုမိုတိုးချဲ့စိုက်ပျိုးနိုင်စေရေးမှာကြားခဲ့သည်။ 

20-Mar-2023