စပါးခွံ​လောင်စာအသုံးပြု ဘွိုင်လာ Steam Turbine သုံး လျှပ်စစ်ဓါတ်အား​ ထုတ်လုပ်သုံးစွဲနေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ကျိုက်လတ်မြို့နယ်၊ ဖျာပုံ-ကျိုက်လတ် ကာလမ်းဘေးရှိ Wilmar Myanmar Riceland Kyaiklat Limited ပေါင်းဆန်(ဆန်စက်) လုပ်ငန်းသို့သွားရောက်၍ စပါးခွံ​လောင်စာအသုံးပြု ဘွိုင်လာ  Steam Turbine သုံး လျှပ်စစ်ဓါတ်အား​ ထုတ်လုပ်သုံးစွဲနေမှုများအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီးဆန်စက်တာဝန်ခံမှ ယခုလ ၃ ရက်နေ့မှစတင်၍ လျှပ်စစ်ထုတ်လုပ်လျက်ရှိပြီး စပါးခွံလောင်စာ တန် ၅၀မှ၆၀ အသုံးပြု၍ လျှပ်စစ် 1 MW ထုတ်လုပ်သုံးစွဲနေမှုနှင့် စွမ်းအားပြည့်လည်ပတ်နိုင်ပါက 2.2 MW ထုတ်လုပ်နိုင်မည်ဖြစ်ပြီး စပါးခွံလောင်စာ တန်၁၀၀အသုံးပြုလည်ပတ်နိုင်မည့်အခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စက်စွမ်းအားပြည့်လည်ပတ်နိုင်စေရေး၊  ဘေးထွက်ပစ္စည်းများအား အကျိုးရှိစွာပြန်လည်အသုံးချစေရေးမှာကြားခဲ့ပါသည်။ Wilmar Myanmar Riceland Kyaiklat Limited ပေါင်းဆန်(ဆန်စက်)သည် စွမ်းအားပြည့်လည်ပတ်နိုင်ပါက တစ်နေ့လျှင်ကုန်ကြမ်းစပါး တန်(၅၀၀) ကြိတ်ခွဲနိုင်မည်ဖြစ်ပြီးလက်ရှိတွင် တန် (၂၄၀) ကြိတ်ခွဲလျက်ရှိကြောင်းသိရသည်။

18-Mar-2023