တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများဟောပြောပွဲတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများဟောပြောပွဲအားတက်ရောက်၍ “ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် ရာခိုင်နှုန်း ၅၂.၁၆%ဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ဒုတိယအောင်ချက်အ‌ကာင်းဆုံး ရရှိခဲ့ပါကြောင်း၊ ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်း ပိုမိုတိုးတက်လာအောင် နှစ်စမှစပြီး ကြပ်မတ် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊  တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် ကျောင်းတွင်းနှင့် ပြင်ပဖြေ ကျောင်းသား၊ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် အလေးထားဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများသည် စာသင်ကြားပေးသည့် နေရာတစ်ခုခုတွင် တက်ရောက် သင်ယူနေမှသာ အောင်မြင်စွာ ဖြေဆိုနိုင်မည်ဖြစ်ပြီးဆရာ၊ ဆရာမများ၊ အုပ်ချုပ်ရေး အဖွဲ့များနှင့် ကျောင်းသား မိဘများက ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် အလေးထား ပံ့ပိုးပေးလျှက်ရှိပါကြောင်း၊  မိဘများကလည်း မိမိတို့၏ သား၊သမီးများ ၏ရှေ့ရေးအတွက် အင်တိုက်အားတိုက်ပံ့ပိုးပေးကြစေလိုကြောင်း၊ အောင်ချက်မြင့်မားရေးအတွက် ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် အောင်စိတ်မွေး၍ အောင်မြင်အောင်ဖြေဆိုနိုင်စေရေးကြိုးစားကြရမှာဖြစ်ပါကြောင်း၊  ဆွေးနွေးပွဲရလဒ်များအား ဆရာ၊ဆရာများ အနေဖြင့် သေချာမှတ်သား၍ မရှင်းလင်းသည်များ၊ မသဲကွဲသည်များကို အပြန်အလှန်သေချာစွာ ဆွေးနွေးမေးမြန်းပြီးမိမိတို့၏ တပည့်များအား နားလည်အောင် ဆင့်ပွား ပို့ချပေးရန်ဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲ့သို့ တက်ရောက်လာကြသည့် ဆရာ၊ဆရာမများနှင့် ဆွေးနွေးပို့ချပေးသည့် ဆရာကြီး၊ဆရာမကြီးများအား ကျေးဇူးအထူးတင်ပါကြောင်းနှင့် ‌တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများ ရာနှုန်းပြည့်အောင်မြင်စေရေး ဝိုင်းဝန်းကြိုးပမ်းပေးစေလိုပါကြောင်း”အမှာစကားများ ပြောကြားခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်း စရာများဟောပြောပွဲအတွက်ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်ထံသို့ ဂုဏ်ပြုထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ယင်းနောက် ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မာ့ရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ ဟောပြောပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ မြန်မာစာဘာသာရပ်တွင် ဆရာ၊ဆရာမ(၄၃၃)ဦး၊ အင်္ဂလိပ်စာဘာသာရပ်တွင် ဆရာ၊ဆရာမ(၄၈၈)ဦး၊ သင်္ချာဘာသာရပ်တွင် ဆရာ၊ဆရာမ (၄၈၈)ဦး၊ ဓာတုဗေဒဘာသာရပ်တွင် ဆရာ၊ဆရာမ(၂၂၀)ဦး၊ ၊ရူပဗေဒဘာသာရပ်တွင် ဆရာ၊ဆရာမ(၂၁၇)ဦး၊ ဇီဝဗေဒဘာသာရပ်တွင်ဆရာ၊ဆရာမ(၈၉)ဦး၊ ပထဝီဝင်ဘာသာရပ်တွင် ဆရာ၊ဆရာမ(၃၆၂)ဦး၊
သမိုင်းဘာသာရပ်တွင် (၃၆၉)ဦး၊ စီးပွားရေးဘာသာရပ်တွင် ဆရာ(၃၅၆)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

15-Jan-2023