တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ပမ္မဝတီတံတား(မြင်းကဆိပ်) အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းနှင့် ပုသိမ်မြို့၊ ကမ်းနားလမ်းတိုးချဲ့ သည့်ဆိပ်ခံတံတား(Jetty)တည်ဆောင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းအချိန်တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များလိုက်ပါလျက် တံတားဦးစီးဌာန တံတားအဖွဲ့(၁၅)မှ ပုသိမ်-ကံကုန်း-မြင်းကဆိပ်-မြောင်းမြလမ်းပေါ်ရှိ ပမ္မဝတီတံတား(မြင်းကဆိပ်) တံတားအရှည် (၁၂၆၀)ပေအား ( Steel Box Girder) သံကူကွန်ကရစ်ကြမ်းခင်းအဖြစ် အဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်း ရှင်းလင်းဆောင်သို့ရောက်ရှိခဲ့ရာ စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ချဉ်းကပ်လမ်း ကတ္တရာကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများ အားတာဝန်ရှိသူများက  ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး၊ သတ်မှတ်ထားသောကာလများအတွင်း အချိန်မီပြီးစီးစေရေးနှင့်စံချိန်စံညွှန်းပြည့်မီရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပြီး (Deck Slab) လုပ်ငန်းဆောင်ရွက်ရန်ပြင်ဆင်နေမှုအားကြည့်ရှုစစ်ဆေးခဲ့ပါသည်။ အဆိုပါ ပုသိမ်-ကံကုန်း-မြင်းကဆိပ်-မြောင်းမြလမ်းပေါ်ရှိ ပမ္မဝတီတံတား(မြင်းကဆိပ်)သည် ယနေ့အထိ လုပ်ငန်းဆောင်ရွက်မှု၏ ၈၀%ပြီးစီးပြီဖြစ်ပြီး ၂၀၂၃ခုနှစ်၊ မတ်လ တတိယပတ်တွင် လုပ်ငန်းအားလုံးပြီးစီးမည်ဖြစ်ကြောင်းသိရှိရသည်။

ထို့နောက် တကုန်းကြီးကျေးရွာတွင် မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ တစ်အိမ်တက်ဆင်းမြေပြင် လူဦးရေစာရင်းများ ကောက်ယူခြင်းလုပ်ငန်းဆောင် ရွက်နေမှုများအားကြည့်ရှုစစ်ဆေးခဲ့ပြီး မြေပြင်လူဦးရေစာရင်းများတိကျမှန်ကန်မှုရှိစေရေး၊ စာရင်းဇယားကွဲလွဲမှုများစနစ်တကျရေးသွင်းမှတ်သားစေရေးနှင့်သတ်မှတိကာလအတွင်းပြီးစီးစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကမ်းနားလမ်းတိုးချဲ့ သည့်ဆိပ်ခံတံတား(Jetty) တည်ဆောင်ခြင်းလုပ်ငန်းရှင်းလင်းဆောင်သို့သွားရောက်ခဲ့ရာ တိုင်းဒသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးဌာန၊ တိုင်းဦးစီးမှူးမှ ပုသိမ်မြို့၊ မြေနုဆိပ်ခံတံတားနှင့်ဥမ္မာဒန္တီဆိပ်ခံတံတားအကြား တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် အလျား ၅၃၀ပေ ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတား (Jetty)တည်ဆောက်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့်ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးဝန်ကြီးချုပ်မှ လုပ်ငန်းများသတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ အရည်အသွေးပြည့်မီစေရေးနှင့် ရေရှည်ကြံ့ခိုင်မှုရှိစေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့ကာ လုပ်ငန်းဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

11-Jan-2023