၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် တိုင်းဒေသကြီး/ပြည်နယ် ဂုဏ်ပြုယာဉ် အားကြီးကြပ်တည်ဆောက်ခဲ့ကြသူများ၊ သရုပ်ဖော်သည့်အဖွဲ့၊ ယာဉ်နှင့်အတူ ကပြသည့်အဖွဲ့၊ ဖျော်ဖြေသည့်အဖွဲ့နှင့် တိုင်းဒေသကြီးပြခန်းနှင့်ဒေသထွက်ပစ္စည်းနှင့်ရိုးရာအစားအစာ အရောင်းပြခန်းဆောက်လုပ်ရာတွင် ကြီးကြပ်ခဲ့ကြသူများအား ကြိုဆိုနှုတ်ဆက်

၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် တိုင်းဒေသကြီး/ပြည်နယ် ဂုဏ်ပြုယာဉ်ပထမဆုရရှိခဲ့သည့်ဧရာဝတီတိုင်းဒေသကြီးဂုဏ်ပြုယာဉ်အား ကြီးကြပ်တည်ဆောက်ခဲ့ကြသူများ၊ သရုပ်ဖော်သည့်အဖွဲ့၊ ယာဉ်နှင့်အတူ ကပြသည့်အဖွဲ့၊ဖျော်ဖြေသည့်အဖွဲ့နှင့် တိုင်းဒေသကြီးပြခန်းနှင့်ဒေသထွက်ပစ္စည်းနှင့်ရိုးရာအစားအစာ အရောင်းပြခန်းဆောက်လုပ်ရာတွင် ကြီးကြပ်ခဲ့ကြသူများသည်ပုသိမ်မြို့သို့ပြန်လည်ရောက်ရှိခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ကျောင်းသားကျောင်းသူများမှ ဂုဏ်ပြုကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။ 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့မှ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ဂုဏ်ပြုယာဉ် အားကြီးကြပ်တည်ဆောက်ခဲ့ကြသူများ၊ သရုပ်ဖော်သည့်အဖွဲ့၊ ယာဉ်နှင့်အတူ ကပြသည့်အဖွဲ့၊ ဖျော်ဖြေသည့်အဖွဲ့နှင့် တိုင်းဒေသကြီးပြခန်းနှင့်ဒေသထွက်ပစ္စည်းနှင့်ရိုးရာအစားအစာ အရောင်းပြခန်းဆောက်လုပ်ရာတွင် ကြီးကြပ်ခဲ့ကြသူများအားအား ဂုဏ်ပြုပန်းကုံးများ၊ ပန်းစည်းများဖြင့်ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။

ထို့နောက်  ပုသိမ်တက္ကသိုလ်ဧည့်ခန်းမ၌ တိုင်းဒေသကြီး/ပြည်နယ် ဂုဏ်ပြုယာဉ် အားကြီးကြပ်တည်ဆောက်ခဲ့ကြသူများ၊ သရုပ်ဖော်သည့်အဖွဲ့၊ ယာဉ်နှင့်အတူ ကပြသည့်အဖွဲ့၊ ဖျော်ဖြေသည့်အဖွဲ့နှင့် တိုင်းဒေသကြီးပြခန်းနှင့်ဒေသထွက်ပစ္စည်းနှင့်ရိုးရာအစားအစာ အရောင်းပြခန်းဆောက်လုပ်ရာတွင် ကြီးကြပ်ခဲ့ကြသူများအား စားသောက်ဖွယ်ရာများဖြင့် ဂုဏ်ပြုဧည့်ခံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ယခုကဲ့သို့ တိုင်းဒေသကြီး/ပြည်နယ် ဂုဏ်ပြုယာဉ်ပထမဆုရရှိခဲ့သည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အားလုံး၏ ကြိုးစားအားထုတ်မှုရလဒ်များပင်ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်အောင်ကြိုးစားဆောင်ရွက်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါကြောင်း ဂုဏ်ပြုဝမ်းမြောက်စကားများပြောကြားခဲ့ကြောင်းသိရသည်။

09-Jan-2023