အသက် ၅နှစ်မှ ၁၂နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် ၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံနေမှုနှင့် မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ လူဦးရေစာရင်းများ ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အမှတ်(၄)ရပ်ကွက်၊ အမှတ်(၂၀)အခြေခံပညာအထက်တန်းကျောင်း၊ ဥမ္မာဒန္တီခန်းမ၌ပြုလုပ်သည့် အသက်၅နှစ်မှ ၁၂နှစ်အတွင်း ကျောင်းသား၊ကျောင်းသူများအား ကိုဗစ် ၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံနေမှု ကြည့်ရှုအားပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံရာတွင် သတ်မှတ်ထားသည့် ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးစီးရေးမှာကြားခဲ့သည်။ 

ထို့နောက် ပုသိမ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ တစ်အိမ်တက်ဆင်းမြေပြင် လူဦးရေစာရင်းများ ကောက်ယူခြင်းလုပ်ငန်းဆောင် ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြေပြင်လူဦးရေစာရင်းများတိကျမှန်ကန်မှုရှိစေရေးအလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့၊ အမှတ် (၁)ရပ်ကွက်နှင့် အမှတ်(၂) ရပ်ကွက်များတွင် မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ တစ်အိမ်တက်ဆင်းမြေပြင် လူဦးရေစာရင်းများ ကောက်ယူခြင်းလုပ်ငန်းဆောင် ရွက်နေမှုများအားကြည့်ရှုစစ်ဆေးခဲ့ပြီး လူဦးရေစာရင်းများစနစ်တကျ မှန်ကန်စွာရေးသွင်းစေရေး၊ တိကျမှန်ကန်စေရေးကြပ်မက်ဆောင်ရွက်ရန်မှာကြားခဲ့သည်။

 

09-Jan-2023