၂၀၂၂-၂၀၂၃ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်အခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး

၂၀၂၂-၂၀၂၃ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်အခမ်းအနားအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ဆရာ၊ဆရာမများနှင့်မိဘများ၊ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ ပညာရေးစုံညီပွဲတော်ဖွင့်ပွဲ အခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တိုင်းဒေသကြီးပညာရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ ယင်းနောက် ဆက်လက်၍ အခမ်းအနားအား ရတနာတန်ဆောင်ခန်းမ၌ ဆက်လက်ပြုလုပ်ရာ ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက “စုံညီပွဲတော် တို့နွှဲပျော်”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ယခုကျင်းပသည့် ပညာရေးစုံညီပွဲတော်သည် (၂၀၂၁-၂၀၂၂)ပညာသင်နှစ်အတွင်း ကာယ၊ဉာဏစွမ်းရည် ထူးချွန်ဆုရသူများ၊ တက္ကသိုလ်ဝင်တန်းကိုထူးချွန် စွာအောင် မြင်ခဲ့ကြသည့်ကျောင်းသား၊ကျောင်းသူများ၊ထူးချွန်ထက်မြက်သည့် ဆရာ၊ဆရာမများအပါအဝင် ဂုဏ်ပြုထိုက်သူများအား ဂုဏ်ပြုသည့်သည့်အခမ်းအနား ဖြစ်ပါကြောင်း၊၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက်လည်း ဆောင်ရွက်လျှက်ရှိပါကြောင်း၊ တက္ကသိုလ်ဝင်စာမးပွဲဖြေဆိုကြမည့်ကျောင်းသား၊ကျောင်းသူများသည် ရာနှုန်းပြည့် အောင်မြင်စေရေးအတွက် ဆရာ၊ ဆရာမများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ကျောင်းသားမိဘများက ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ကလည်း အလေးထား ပံ့ပိုးပေးလျှက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး လူ့စွမ်းအားအရင်းအမြစ်များ များစွာပေါ်ထွက်လာမည့် တိုင်းဒေသကြီးလည်းဖြစ်ပါကြောင်း၊ “အမျိုးသားစည်းကမ်းအစ၊စာသင်ကျောင်းက”ဟူသော စကားအတိုင်း ဆရာ၊ဆရာမများက စည်းကမ်းပြည့်ဝသော၊ စနစ်ရှိသော၊ လိမ္မာယဉ်ကျေးသော ကျောင်းသား၊ ကျောင်းသူများအား စနစ်တကျလေ့ကျင့် ပြုစုပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ အခြေခံပညာကျောင်းများမှမွေးထုတ်ပေးလျက်ရှိသည့် လူစွမ်းအားအရင်းအမြစ်များဖြင့် တိုင်းဒေသကြီး၏စိုက်ပျိုးမွေူမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းနှင့်ဆရာ၊ဆရာမများ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနာဂတ်ကို မျှော်တွေးပြီးအစစ အရာရာ ကြိုးပမ်းအားထုတ် လေ့လာဆည်းပူးကြစေလိုကြောင်း”ပြောကြားခဲ့ပြီး တိုင်းဒေသကြီးပညာရေးမှူးက ပညာရေးစုံညီပွဲတော် ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ပုသိမ်မြို့၊အမှတ်(၁၀)၊အမှတ်(၉)၊အမှတ်(၂၀)အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူလေးများက သီဆိုကပြဖျော်ဖြေခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ အတွဲ(၇) ဘာသာရပ်တွင် နိုင်ငံတော်အဆင့်ဆဋ္ဌမ၊ တိုင်းဒေသကြီးအဆင့်ပထမ၊ တိုင်းဒေသကြီးအဆင့် ဒုတိယ၊ တိုင်းဒေသကြီးအဆင့် တတိယဆုရရှိသူများနှင့် အတွဲ(၂) ဘာသာရပ်တွင် နိုင်ငံတော်အဆင့်ဒုတိယ၊ တိုင်းဒေသကြီးအဆင့်ပထမ၊ နိုင်ငံတော်အဆင့် တတိယ၊ တိုင်းဒေသကြီးအဆင့် ဒုတိယ ရရှိသူများအား ဂုဏ်ပြုဆုများအားလည်းကောင်း၊ တိုင်းဒေသကြီးပညာရေးမှူးအားပညာရေးစုံညီပွဲတော်ထောက်ပံ့ငွေများအားလည်းကောင်းပေးအပ်ခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ အတွဲ(၂) ဘာသာရပ်တွင် နိုင်ငံတော်အဆင့်စတုတ္ထ၊ တိုင်းဒေသကြီးအဆင့်တတိယနှင့် နိုင်ငံတော်အဆင့် ပဥ္စမနှင့် ဆဋ္ဌမရရှိသူများအားလည်းကောင်း၊ တာဝန်ရှိသူများမှ ကာယ/ဉာဏထူးချွန်ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ ဆရာမ များအားဆုများချီးမြှင့်ခဲ့ကြပြီး ခရိုင်အလိုက်ပြသထားသည့် ပြခန်းများ၊ ကျောင်းသား ကျောင်းသူများ၏ လက်တွေ့သရုပ်ပြမှုများနှင့် စုံညီပွဲတော် အားကစားပြိုင်ပွဲများအားကြည့်ရှုအားပေးခဲ့သည်။
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)