ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းသည် အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ် (၃)နှင့် အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ် (၂)သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းသည် (၂၄.၃.၂၀၁၇)ရက်နေ့တွင် တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ  ပုသိမ်မြို့၊ ကြောင်ပန်းကုန်းကျေးရွာ၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ် (၃)နှင့် အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ် (၂)သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်မှ သင်တန်းဆိုင်ရာ ကိစ္စရပ်များ တင်ပြခဲ့ပါသည်။ ဆက်လက်၍ တာဝန်ရှိသူများမှ  ထူးချွန်ဆုများနှင့် သင်တန်းဆင်းအောင်လက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားကာ ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။

24-Mar-2017