ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် (၂၄.၃.၂၀၁၇)ရက်နေ့တွင်  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိ ဌာနဆိုင်ရာများ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ပုသိမ်မြို့၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၁၇ ခုနှစ်၊ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ကာ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ အခမ်းအနားဖွင့်ပွဲ မိန့်ခွန်းအား တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးမှ ဖတ်ကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး တီဘီအထူးကုဆရာဝန်ကြီးမှ တီဘီရောဂါအကြောင်း သိကောင်းစရာများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တာဝန်ရှိသူများမှ ၂၀၁၇ ခုနှစ်၊ တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းတွင် ထူးချွန်စွာ ကူညီဆောင်ရွက်ခဲ့သူ (၅)ဦးအား အထိမ်းအမှတ်ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကာ ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။

24-Mar-2017