ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် နေရှင်နယ်ကျန်းမာရေးစောက်ရှောက်မှုအသင်း ဆေးခန်းနှင့်ရုံးအဆောက်အဦဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် (၂၃.၃.၂၀၁၇)ရက်နေ့တွင်  နေရှင်နယ်ကျန်းမာရေးစောက်ရှောက်မှုအသင်း၏ နာယက သူရဦးတင်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိဌာနဆိုင်ရာများ၊ ရန်ကုန်မြို့နယ်နှင့်ပုသိမ်မြို့နယ်မှ နေရှင်နယ်ကျန်းမာရေးစောက်ရှောက်မှုကော်မတီဝင်များ၊ အလှူရှင်များနှင့်အတူ ပုသိမ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် နေရှင်နယ်ကျန်းမာရေးစောက်ရှောက်မှုအသင်း ဆေးခန်းနှင့်ရုံးအဆောက်အဦဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ နေရှင်နယ်ကျန်းမာရေးစောက်ရှောက်မှုအသင်း၏ နာယက သူရဦးတင်ဦး၊ ဝန်ကြီးချုပ် မန်းဂျော်နီနှင့် နာယက ဦးအောင်ခတို့မှ နေရှင်နယ်ကျန်းမာရေးစောက်ရှောက်မှုအသင်း ဆေးခန်းနှင့်ရုံးအဆောက်အဦအား ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ကမ္ပည်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ပြီး ဆေးခန်းနှင့်ရုံးအဆောက်အဦအား ပညာရေးဌာနသို့ လွှဲပြောင်းလှူဒါန်း၍ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများပြန်လည်ပေးအပ်ခဲ့ပါသည်။

23-Mar-2017