ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် တရားဝင်သစ်တောထွက်ပစ္စည်းများ ဥပဒေနှင့်အညီ ကူးသန်းရောင်းဝယ်ဖွံ့ဖြိုးရေးဆိုင်ရာ ကောင်းမွန်သော သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှု တိုးမြှင့်ဆောင်ရွက်ခြင်း (FLEGT – VA) ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် (၂၁.၃.၂၀၁၇)ရက်နေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့်တာဝန်ရှိ ဌာနဆိုင်ရာများ၊ CSOs လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ သစ်တောထွက်ပစ္စည်းဆိုင်ရာ ပုဂ္ဂလိက လုပ်ငန်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သစ်စက်လုပ်ငန်းရှင်များ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းရှင်များ၊ ပရိဘောဂ လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ FLEGT Interim Task Force မှ အဖွဲ့ဝင်များနှင့်အတူ ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်၌ ကျင်းပပြုလုပ်သည့် တရားဝင်သစ်တောထွက်ပစ္စည်းများ ဥပဒေနှင့်အညီ ကူးသန်းရောင်းဝယ်ဖွံ့ဖြိုးရေးဆိုင်ရာ ကောင်းမွန်သော သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှု တိုးမြှင့်ဆောင်ရွက်ခြင်း (FLEGT – VA) ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောခဲ့ပါသည်။

21-Mar-2017